မန်ယူအသင်းရဲ့အပယ်ခံ ခံစစ်မှူးဖီးလ်ဂျုံးကို သူ့ရဲ့အသင်းသစ် ဒီစီယူနိုက်တက်သို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရိန်းရွန်းနီ

ဝိန်းရွန်းနီဟာဖီးလ်ဂျုံးစ်ကိုဒီစီယူနိုက်တက်သို့ခေါ်ဆောင်ရန်စဉ်းစားနေကြောင်းသိရပါတယ်။ ဝိန်းရွန်းနီဟာယခုအပတ်အစောပိုင်းတုန်းကဒီစီယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးကစားသမားသစ်ခေါ်ယူအားဖြည့်ရန်စီစဉ်နေပါတယ်။




ဝိန်းရွန်းနီပစ်မှတ်ထားနေတဲ့ကစားသမားများထဲတွင်ယူနိုက်တက်ကစားဖော်ဟောင်းဖီးလ်ဂျုံးစ်လည်းပါဝင်ပါတယ်။ ဒါ့အပြင်အက်သလက်တီကိုမှထွက်ခွာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေတဲ့လူးဝစ်ဆွာရက်ဇ်လည်းအပါအဝင်ဖြစ်ပါတယ်။




အသက်၃၀နှစ်ရှိအင်္ဂလန်စတားဂျုံးစ်ဟာပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင်ယူနိုက်တက်တွင်အိပ်မက်မက်လာခဲ့ရကာအပယ်ခံဖြစ်နေပါတယ်။

ရွန်းနီဟာဒါဘီကိုကိုင်တွယ်တုန်းကဖီးလ်ဂျုံးစ်ကိုခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပေမဲ့ကစားသမားကိုယ်တိုင်က ယူနိုက်တက်တွင်သက်သေပြလိုမှုကြောင့်မအောင်မြင်ခဲ့ရပါဘူး။




ဖီးလ်ဂျုံးစ်ဟာယူနိုက်တက်ရဲ့အာရှ၊ဩစတြေးလျခရီးစဉ်တို့တွင်လိုက်ပါရခြင်းမရှိမှု၊လီဆန်ဒရိုမာတီနက်ဇ်ရောက်လာမှုတို့ကြောင့်ယူနိုက်တက်တွင် အခွင့်အရေးရရှိရန်ပိုမိုနည်းပါးလာပါဦးမယ်။




ယူနိုက်တက်ကလည်းဖီးလ်ဂျုံးစ်ကိုအသင်းမှဖယ်ရှားလိုလျက်ရှိနေပါတယ်။မန်ယူမှာတော့ ဗဟိုခံစစ်နေရာအတွက် ဘိုင်လီ၊မက်ဂွိုင်းယား၊ဗာရန်းနဲ့ လင်ဒီလော့ဒ်တို့လိုအမာခံကစားသမားတွေရှိနေတာဖြစ်ပါတယ်။




ဒါ့အပြင် တန်ဟန်အနေနဲ့ ကစားသမားရောင်းရငွေကနေ အပြောင်းအရွေ့အတွက်အသုံးစရိတ်ထွက်လာဦးမှာဖြစ်လို့ ရောင်းထုတ်ဖို့တော့များနေပါတယ်။

crd

Leave a Reply

Your email address will not be published.