မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ကွင်းလယ်ကစားသမား တိုမီနေးက နည်းပြအဲရစ်တန်ဟတ်က ပြိုင်ဖက်ဂိုးဧရိယာထဲမှာ ကိုယ့်အသင်းရဲ့ ကစားသမားတွေကို များများနေရာယူပြီးတော့ ပြိုင်ဘက်ကို တရဆက် ခြိမ်းခြောက် ကာ ဂိုးတွေသွင်းယူဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က သူယူနိက်တက်အသင်းရဲ့ နည်းပြအဖြစ် စတင်ကိုင်တွယ် ခွင့်ရတဲ့ ပထမဦးဆုံးခြေစမ်းပွဲစဉ် ၂ပွဲမှာ သွင်းဂိုး ၈ဂိုးအထိ ရရှိထားပြီး အနိုင်ရလဒ်တွေချည်းဖော်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
မက်တိုမီနေးက အဲရစ်တန်ဟတ် လက်အောက်မှာ ပထမဆုံးသွင်းဂိုးကို မဲလ်ဘုန်းဗစ်ထရီအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး လာမဲ့ရာသီမှာ သွင်းဂိုးတွေ
ပိုမိုရယူချင်ကြောင်းနဲ့ နည်းပြအနေနဲ့ ကစားသမားတွေကို တိုက်စစ်ဦးစားပေး ကစားစေပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီဧရိယာအတွင်းမှာ အမြဲအသင့်ရှိနေစေဖို့ ရန် ညွှန်ကြားထားတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
“နည်းပြက ကျွန်တော်တင်မဟုတ်ပါဘူး တခြားကစားသမားတွေကို လည်း ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ နေရာယူစေလိုတာကြောင့် ကျွန်တော့ အနေနဲ့ ဂိုးတွေ ပိုသွင်းယူနိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျန်တဲ့ ကစားသမားတွေလည်း ပိုမိုသွင်းယူလာနိုင်ကြပါလိမ့်မယ်”
“နည်းပြက တစ်ဖက်ဂိုးဧရိယာထဲမှာ ပိုမိုနေရာယူကစားစေလိုတာဖြစ်ပြီး ကိုယ့်အသင်းအနေနဲ့ ဂိုးသွင်းယူရမယ့်နေရာဖြစ်တာကြောင့် ဒါကသိပ်အရေးကြီးတဲ့ အချက်ပါပဲ”
“ကစားသမားတိုင်းက နည်ပြသစ်ရဲ့ အသေးစိတ်ကအစ သေချာ လေ့ကျင့်နေရတဲ့ အပေါ် ပျော်ရွှင်နေကြပြီး ယခုတော့ အားလုံးက ဟန်ချက်မိနေပါပြီ။ တစ်သင်းလုံးက ကြံ့ခိုင်မှုအပိုင်းမှာ ပိုမိုတိုးတက်လာနေကြတာဖြစ်လို့ အသင်းရဲ့ အနာဂတ်က လည်း ကောင်းမွန်နေမှာပါ” လို့ မန်ချက်စတာယူနိုက်တက်အသင်းပိုင် မီဒီယာချန်နယ် တစ်ခုမှာ မက်တိုမီနေးက မဲလ်ဘုန်းဗစ်ထရီးအသင်းကို ၄ဂိုး – ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး၌ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
crd