ချဲလ်ဆီးက ရော်နယ်ဒိုကို ဘာလို့မခေါ်ယူခဲ့တာလဲဆိုတာ ရှင်းပြလာတဲ့ တူချယ်လ်

ချဲလ်ဆီးနည်းပြ တူချယ်က မိမိတို့ဟာ ရော်နယ်ဒိုကို ယူနိုက်တက်အသင်းထံကနေ ခေါ်ယူဖို့ အခွင့်အရေးရှိပေမယ့် နံပတ် ၁ ပစ်မှတ် စတာလင်ကို ခေါ်ယူဖို့အတွက်သာ အာရုံစိုက်ထားတာကြောင့် မခေါ်ယူခဲ့တာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။




အင်္ဂလန်သားဟာ စီးတီးအသင်းထံံကနေ ပေါင် ၄၇ သန်းနဲ့ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနက်ဖြန် ကလပ်အမေရိကနဲ့ခြေစမ်းပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းမှာ လူကာကူကို အင်တာမီလန်အသင်းထံ လက်လွှတ်ခဲ့တာကြောင့် တိုက်စစ်မှူးခေါ်ယူဖို့ သတင်းထွက်ခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။




အသက် ၃၇ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့အခုနွေရာသီအတွင်း လှုပ်ရှားမှုတွေကို သဘောမကျဖြစ်နေသလို ယူရိုပါလိဂ်ကန်ရမယ့်အနေအထားမှာ အသင်းပြောင်းချင်နေတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းပိုင်ရှင်သစ် ဘိုဟီလေကလည်း ရော်နယ်ဒိုရဲ့အေးဂျင့် မန်ဒက်စ်နဲ့ စကားပြောဖြစ်ခဲ့ကြသေးတာဖြစ်ကာ တူချယ် နဲ့ အမေရိကန်သားကြားမှာ အငြင်းပွားမှုတွေတောင်ဖြစ်ခဲ့ကြသေးတယ်လို့ သတင်းတွေက ဆိုပါတယ်။




ရော်နယ်ဒိုသတင်းနဲ့ပတ်သက်ပြီး တူချယ်က သတင်းထောက်တွေကို ပြောကြားရာမှာ “ကျွန်တော်တို့နာမည်တပ်ပြောမယ်ဆိုရင် သူက ပရီးမီးယားလိဂ်မှာ တကယ်ကောင်းတဲ့ကစားသမားတစ်ဦးပါ။

ဒါပေမယ့် အခြားနည်းပြတွေလို ကျွန်တော်လည်း လေးစားမှုမရှိပဲ ပြိုင်ဘက်ကစားသမားအကြောင်း မပြောလိုပါဘူး။ ကျွန်တော်တို့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ စတာာလင်ကိုပဲ အာရုံစိုက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။




စတာလင်ဟာ မနက်ဖြန်မှာကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်လာဖို့စောနေသေးတာဖြစ်ပြီး  တူချယ်က သူ့လိုကစားသမားမျိုးကိုခေါ်ယူနိုင်လိုက်ဖို့ ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။“သူတစ်ဦးချင်းလေ့ကျင့်မှုတွေပဲလုပ်ရပါသေးတယ်။ အသင်းနဲ့ပူးပေါင်းမှာမဟုတ်ပဲ လေ့ကျင့်ခန်း ၂ ပတ်လောက်ပဲဆင်းရပါသေးတယ်။




လက်ရှိအချိန်မှာ အသင်းနဲ့အလုံးစုံပူးပေါင်းဦးမှာမဟုတ်သေးပါဘူး။ သိပ်မကြာခင်မှာတော့ သူပူးပေါင်းပါလိမ့်မယ်။သောကြာနေ့မျာ သူပူးပေါင်းပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူဒီမှာမရှိသေးပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.