သူအမုန်းဆုံးကလပ်အသင်းနှစ်ခုကို ပြောပြလာတဲ့ မားကပ်ရက်ဖို့ဒ်

မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက် ရက်ဖို့ဒ်ကတော့ မနှစ်က ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ဒါကြောင့် ဆောက်ဂိတ်ရဲ့ ရွေးချယ်ခြင်းမခံရပဲ အဂ်လန်အသင်းရဲ့ ​နေရှင်းလိဂ်ပွဲကိုတောင် ၀င်ရောက်မကစားလိုက်ရပါဘူး။လက်ရှိမှာတော့ မန်ယူအသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကစားရင်း တစ်ဂိုးသွင်းယူထားနိုင်ပါတယ်။




မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်တာနဲ့အညီ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ သူ့ရဲ့ အမုန်းဆုံးကလပ်အသင်းတွေဖြစ်ကြောင်းအခုလိုပဲပြောပြလာပါတယ်။

“ ကျွန်တော် မုန်းတီးတဲ့ ကလပ်အသင်းတွေလား ?(၂) သင်းရှိပါတယ်။ ပထမဆုံးအနေနဲ့ လီဗာပူးလ်အသင်းပေါ့။ သူတို့အသင်းမှာ သမိုင်းကြောင်း တစ်ခုရှိပါတယ်။




အဲ့ဒါက ကျွန်တော့်ကို ပိုပြီး ခါးသီး စေပါတယ်။ နောက်တစ်သင်းကတော့ မန်ချက်စတာစီးတီးအသင်းပါ။ ဒါပေမယ့် အဲ့အသင်းကို မုန်းတီးရတဲ့ အကြောင်းပြချက် မရှိဘူးလို့ ခံစားရပါတယ် “လို့ပြောကြားခဲ့ပါတယ်။




လီဗာပူးကတော့ မန်ယူအသင်းနဲ့ အဂ်လန်မှာ ပရိတ်သတ်အင်အားခြင်းယဥ်နိုင်တဲ့အသင်းဖြစ်ပြီး သမိုင်းကြောင်းအရပါ ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ရဲ့ ဥရောပအောင်မြင်မှုရစဥ်အခါက ပရီးမီးယားလိဂ်ရဲ့ အားပေးမှုတွေကိုသိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။




မန်စီးတီးကတော့ မြို့ခံပြိုင်ဖက်ဖြစ်တဲ့အပြင် အရင်တုန်းက ဘာမှမဟုတ်ပဲ ရေနံသ​ေဋ္ဌးတွေလက်ထဲရောက်မှ မန်ယူကို ပခုံးချင်းယှဥ်လာတာဖြစ်ပြီး အခုချိန်မှာတော့ ကျော်တက်သွားပြီဖြစ်ပါတယ်။




လက်ရှိအချိန်မှာတော့ မန်ယူအသင်းဟာ မန်စီးတီးနဲ့ လီဗာပူးတို့ထက် တစ်ဆင့်နိမ့်တဲ့ အခြေအနေမှာရှိနေပြီး မနှစ်ကဆိုရင် မန်စီးတီးနဲ့လီဗာပူးကိုနှစ်ကျော့လုံးအရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။ယခုပထမဆုံးခြေစမ်းပွဲမှာတော့ လီဗာပူးက်ု မန်ယူက ၄-၀ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး နည်းပြသစ်တန်ဟန်နဲ့အတူ ပရီးမီယားလိဂ်မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

HH

Leave a Reply

Your email address will not be published.