ရော်နယ်ဒိုနဲ့မက်စီနှစ်ယောက်ထဲကတစ်ယောက်ရွေးဆို ဘယ်သူ့ကိုရွေးမှာလဲဆိုတာ ပြောပြခဲ့တဲ့ ကာစီးလက်စ်

ရော်နယ်ဒိုနဲ့ ရီးရဲမက်ဒရစ်မှာကာလရှည်တွဲကစားခဲ့တဲ့ ဂိုးသမားကာစီးလက်စ်ကတော့ ရော်နယ်ဒိုက စိတ်ဓာတ်ခွန်အား အပြည့်နဲ့ဖြစ်ပြီး မက်စီကတော့ ပါရမီအရကိုအကောင်းဆုံးကစားသမားဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။




ဒါပေမယ့် နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးရမယ်ဆိုရင်တော့ မက်စီကိုကျော်ပြီး ရော်နယ်ဒိုလို စိတ်ဓာတ်ခွန်အအပြည့်နဲ့ ကစားသမားကိုရွေးမှာဖြစ်ကြောင်းအခုလိုပဲပြောပြခဲ့ပါတယ်။

“ရော်နယ်ဒိုမှာ ငယ်စဉ်ဘဝကတည်းက အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒရှိပီးတော့ တကယ်ပဲသူအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။




အကယ်၍ ကျွန်တော် မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို နှိုင်းယှဉ်ရမယ်ဆိုရင် ကျွန်တော် ရော်နယ်ဒိုကိုပဲရွေးချယ်မှာပါ၊ရော်နယ်ဒိုလုပ်ပြနိုင်တဲ့ အရာတွေက အရမ်းကို အံ့ဩဖို့ကောင်းပါတယ်။

ပီးတော့ ကျွန်တော်တို့အားလုံးသိကြတဲ့ အတိုင်းပဲ မက်ဆီကပါရမီရှိတယ် ဒါပေမဲ့ ရော်နယ်ဒိုကတော့ အကောင်းဆုံးဖြစ်ဖို့အတွက် စိတ်ဆန္ဒပြင်းပြပီး ကြိုးစားတယ်”




“ကျွန်တော်တို့တွေ ရော်နယ်ဒိုနဲ့ မက်ဆီတို့လိုအကောင်းဆုံးနှစ်ယောက် ဘောလုံးကစားတဲ့ အချိန်ကာလမှာ မွေးဖွားတာဟာ ကံကောင်းတယ်လို့ပြောရမယ်။




ရော်နယ်ဒိုကို မသိတဲ့ သူတွေကတော့ သူက ကိုယ့်ကိုကို အထင်ကြီးပီး ဘဝင်မြင့်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်၊ဒါပေမဲ့ အဲ့ဒီထင်မြင်ချက်တွေက လုံးဝအမှားကြီးဆိုတာသေချာပါတယ်”လို့ ပြောပြခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.