မန်ယူအသင်းကို လာချင်သွားတဲ့ အဓိကအကြောင်းရင်းကို ပြောပြသွားတဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နာရီပိုင််းတုန်းကပဲ အသင်း လက်မဲ့ ဖြစ်နေခဲ့တဲ့ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဟောင်း ဖြစ်သူ ခရစ္စတီယံ အဲရစ်ဆင် ကို 3 နှစ် စာချုပ် နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာသွားခဲ့ပါတယ် ။




အခုတော့ အဲရစ်ဆင်ဟာ မာလာစီယာရဲ့နောက် ဒီနွေမှာ ယူနိုက်တက် အသင်းမှ ခေါ်ယူနိုင်ခဲ့ကြတဲ့ ဒုတိယမြောက် ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ ။ အဲရစ်ဆင်ဟာ 2020 ယူရို ပြိုင်ပွဲတုန်းက နှလုံးဖောက်ခဲ့ပြီး ဘောလုံးသမား အဖြစ််မှ အနားယူရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘရန့်ဖို့ဒ် အသင်းအတွက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်း လက်မဲ့ ဖြစ်ခဲ့တဲ့နောက် ထိပ်သီး ကလပ် အချို့ရဲ့ စိတ်ဝင််စားမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ ။




လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ရာသီကြို ပွဲစဥ်တွေ ကစားနေခဲ့ပြီး ဘန်ကောက်မှာ လီဗာပူးကို 4 – 0 နဲ့ နိုင်ခဲ့တဲ့နောက် သြစတြေးလျမှာ မဲလ်ဘုန်း ဗစ်ထရီ အသင်းကိုလည်း 4 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်် ကစားနိုင်ခဲ့ပါပြီ ။ယူနိုက်တက်တို့ဟာ သြစတြေးလျမှာ နောက်ထပ် ပွဲစဥ် နှစ်ပွဲ ကစားရဖို့ ရှိနေသေးပေမဲ့ အဲရစ်ဆင်ကတော့ ပူးပေါင််းနိုင်ခြေ မရှိသေးဘူးလို့ သိနေရပါတယ် ။ အခုတော့ အဲရစ်ဆင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်ပါပြီ ။




” မန်ချက်စတာ ယူနိုက်တက်ဟာ စပါယ်ရှယ် အသင်းဖြစ််ပြီး ကျွန်တော် စတင် ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး ။ ကျွန်တော် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အကြိမ်ကြိမ် ကစားခွင့် ရတဲ့ ကုသိုလ်ကံမျိုး ပိုင်ဆိုင်ဖူးပါတယ် ။ ယူနိုက်တက်ရဲ့ အနီရောင် ဂျာစီ ဝတ်ပြီး ကစားရတော့မယ်ဆိုတာကတော့ အမေ့ဇင်း ခံစားချက်ပါပဲ ”




” အဲရစ် (တန်ဟတ်) အေဂျက်မှာ အလုပ်လုပ်တာကို မြင်တွေ့ခဲ့ဖူးပါတယ် ။ သူ့ရဲ့ အသေးစိတ် လုပ်ဆောင်ချက် နဲ့ သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ နေ့စဥ် ဘယ်လို ပြင်ဆင်ကြသလဲဆိုတာတွေကို ကျွန်တော် မြင်တွေ့ဖူးပါတယ် ။ သူဟာ အံ့ဖွယ် နည်းပြဖြစ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ် ”




” သူနဲ့ စကားပြောခြင်း ၊ သူ့ရဲ့ အမြင်တွေ အကြောင်းကို လေ့လာခြင်း ၊ သူအသင်းကို ဘယ်လိုကစားစေချင်သလဲဆိုတာတွေကို သိနေတဲ့ အတွက် ကျွန်တော်ဟာ အနာဂတ် နဲ့ ပတ်သက်လို့ အရမ်းကြီး စိတ်လှုပ်ရှား နေခဲ့ရပါပြီ ။ ခုချိန်ထိ ကျွန်တော့်မှာ ရည်မှန်းချက် အကြီးကြီးတွေ ရှိနေသေးတယ်လေ ”” ကျွန်တော် ရှေ့ဆက်ပြီး ရယူဆွတ်ခူးနိုင်သေးတဲ့ အရာတွေ အများကြီးပဲ ရှိနေသေးဆဲဆိုတာကိုလည်း သိရှိနေခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ ခရီးစဥ်ကို ရှေ့ဆက်ဖို့ ဒါဟာ အကောင််းဆုံး နေရာပဲလို့ ယုံကြည်ပါတယ် ” လို့ အဲရစ်ဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.