ခြေစမ်းပွဲနှစ်ပွဲဆက်တိုက် ဂိုးသွင်းထားတဲ့ မာရှယ်ရဲ့ခြေစွမ်းအပေါ်မှတ်ချက်ပေးခဲ့တဲ့ မာရှယ်

ယူနိုက်တက် အသင်းကတော့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို တောက်လျောက် ကစားနေတာ တွေ့ရပြီး ဒီနေ့ ညနေပိုင်းမှာတော့ သြစတြေးလျမြေမှာ မဲလ်ဘုန်း ဗစ်ထရီ အသင်းနဲ့ရာသီကြို ဒုတိယမြောက် ခြေစမ်းပွဲ ကစားခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ နောက်ထပ် ဂိုးပြတ် နိုင်ပွဲ 1 ပွဲကို ရယူသွားနိုင်ခဲ့ပြန်ပါတယ် ။




ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ကတော့ ဒီပွဲမှာ ရပ်ရှ်ဖို့ ရဲ့ နေရာ အီလန်ဂါ ၊ ဗာရာနီ ရဲ့ နေရာ မက်ဂွားယား နဲ့ ဒီဂီယာ ရဲ့ နေရာမှာ တွမ်ဟီတန် ကို နေရာပေးခဲ့တာက လွဲရင် လီဗာပူး အသင်းက ပွဲထွက်ကစားသမားတွေကိုပဲ ဆက်လက် ပွဲထုတ်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပွဲစဉ်အစပိုင်း 5 မိနစ်မှာပဲ လုခ်ရှော ၊ မက်ဂွားယား ၊ လင်ဒီလော့ဖ် တို့ရဲ့ အမှားကတဆင့်အဖွင့်ဂိုး ပေးဆောင်ခဲ့လိုက်ရပါတယ် ။ အဲ့ဒီနောက်် ယူနိုက်တက်တို့ ဂိုးပြန်သွင်းယူနိုင်ဖို့လည်း အခက်ကြုံခဲ့ကြရပါတယ် ။




ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ မက်တော်မနေး နဲ့ မာရှယ် တို့က ဦးဆောင်ဂိုး နဲ့ ခြေပဂိုး တွေကို သွင်းယူ ပေးနိုင်ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း မှာတော့ ရပ်ရှ်ဖို့ ၊ တာဟစ်ချောင်ကြောင့် ရရှိခဲ့တဲ့own goal ကြောင့် ယူနိုက်တက်တို့ 4 – 1 နဲ့ အနိုင် ရရှိခဲ့ကြပါတယ် ။




ဒါသည် ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား အန်သိုနီ မာရှယ် အတွက် 2 ပွဲဆက်ဂိုးသွင်းယူခြင်း ဖြစ်သွားခဲ့ရပါတယ် ။ မာရှယ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ခြေစွမ်းကောင်း မပြနိုင်ခဲ့တဲ့ အတွက် ဆီဗီလာ အသင်းဆီ အငှား သွားရောက် ကစားခဲ့ရပါတယ် ။




အဲ့ဒီမှာလည်း သူဟာ ခြေစွမ်းကောင်း မပြနိုင်ခဲ့တဲ့ အတွက်် ရောင်းထုတ်ခံရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်် ။ ဒါပေမဲ့ အခုတော့ သူ သည် တန်ဟတ်ရဲ့ လက်အောက်မှာ 2 ပွဲဆက် ဂိုးသွင်းယူပြီး အသင်းမှာ ဆက်ရှိနေဖို့ ထိုက်တန််ကြောင်း ပြသနေခဲ့ပါပြီ ။ အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က မာရှယ် ကသာ အခုလိုသာဆက်လက် အာရုံစိုက် ကစားနိုင်မယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ တိုက်စစ် ကစားသမား 1 ယောက် ဖြစ်နိုင််လိမ့်မယ်လို့ မဲလ်ဘုန်း ဗစ်ထရီ နဲ့ ပွဲစဉ် အပြီးမှာ ချီးကျူး စကား ဆိုသွားခဲ့လိုက် ပါတယ် ။




” သူဟာ ဒီထက် ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာနိုင်တယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ် ။ သူဟာ ပွဲစဉ်အပေါ် မှန်ကန်စွာ အာရုံစိုက်ချိန် ၊ မှန်ကန်တဲ့ တက်ကြွမှုတွေနဲ့ ကစားချိန်တွေမှာ ခြေစွမ်းပြနိုင်သူပဲလို့ ထင်မိပါတယ် ။ သူဟာ ကစားသမားကောင်း 1 ယောက် ပဲလေ ”” သူဟာ မှန်ကန်စွာ အာရုံစိုက် ကစားတဲ့ အချိန်တိုင်းမှာ ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြနိုင်ခဲ့ပါတယ် ။ သူ သည် ဒါတွေကို ဆက်လုပ်ပြဦးမှာပါ ။ သူ ခြေစွမ်း ပြနိုင်ရေးဆိုတာက ကစားသမား အပေါ်မှာပဲ မူတည်နေပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.