ကောင်းပါတယ်ဆိုတဲ့ ဟာလန်းနဲ့ ဒါ၀င်နူနက်ကို ရင်ဆိုင်ရတိုင်းမှာ သာသာယာယာထိန်းပြထားနိုင်တဲ့ မန်ယူခံစစ်မှူးသစ်မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ခေါ်ယူဖို့ သတင်းကြီးနေတဲ့ အေဂျက်အသင်းရဲ့ ခံစစ်ကစားသမားဖြစ်သူ လီဆန်းဒရို မာတီးနက်ဇ်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီရို ရိုမန်နိုက ဖော်ပြလာပါတယ်။




မာတီးနက်ဇ်ဟာ မန်ယူအသင်းနဲ့ ၂၀၂၇ ခုနှစ်ရောက်မှ ကုန်ဆုံးမယ့် ငါးနှစ်သက်တမ်းစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အေဂျက်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၆ သန်း ( ယူရို ၅၅ သန်း ) ရရှိမာ ဖြစ်ပါတယ်။

မာတီးနက်ဇ်ဟာ နည်းပြ တန်ဟန့်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ပေမယ့်၊ သူ့ရဲ့ အရပ်အမောင်းဟာ ၅ ပေ ၉ လက်မသာ ရှိတာကြောင့် ပရီးမီးယားလိဂ်လို ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ တိုက်စစ်မှူးအများအပြားရှိတဲ့ လိဂ်မှာဗဟိုခံစစ်ကစားသမားအတွက် အနည်းငယ်စိုးရိမ်စရာလို့ ဆိုရပါမယ်။




ဒါပေမယ့်လည်း မန်ယူပရိသတ်တွေအနေနဲ့ စိုးရိမ်စရာမလိုတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ကို ကြီးစိုးထားတဲ့ အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့က ခေါ်ယူအားဖြည့်ထားတဲ့ အားလင်း ဟာလန်းနဲ့ ဒါဝင် နူးနက်ဇ်တို့နှစ်ဦးစလုံးကို မာတီးနက်ဇ်ကအလွယ်တကူပဲ ပြီးခဲ့တဲ့ရာသီတုန်းက ထိန်းပြခဲ့ဖူးတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ အေဂျက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဟာလန်းပါဝင်တဲ့ ဒေါ့မွန်အသင်းကို ရင်ဆိုင်ကစားခဲ့ရပြီး ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။




ဟာလန်းဟာ အသင်းတော်တော်များများကို ဖျက်ဆီးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အမြဲတမ်းဂိုးသွင်းနိုင်ခဲ့ပေမယ့်ဒီတစ်ကြိမ် အေဂျက်နဲ့အတွေ့မှာတော့ မာတီးနက်ဇ်က အကြောက်အရွံ့မရှိစွာနဲ့ပ အေးအေးဆေးဆေးပဲ ထိန်းပြခဲ့တာကြောင့် ဟာလန်းဟာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။




လီဗာပူးလ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နူးနက်ဇ်ဟာလည်း ဟာလန်းလိုပဲ မာတီးနက်ဇ်ရဲ့ ခံစစ်ကာကွယ်ကစားပုံတွေအောက်မှာအရူးလုပ်ခံခဲ့ရပါတယ်။ မာတီးနက်ဇ်ဟာ နူးနက်ဇ်နဲ့လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ပထမအကျော့တွေ့ဆုံရာမှာ နူးနက်ဇ်အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။




လက်အချိန်ရှိမှာတော့ ထိုကစားသမားနှစ်ဦးစလုံးဟာ ပရီးမီယားလိဂ်ကို ရောက်ရှိလာပြီဖြစ်သလို၊ မာတီးနက်ဇ်ဟာလည်း လာမယ့်ရာသီမှာ ထိုတိုက်စစ်မှူးနှစ်ဦးကို လှုပ်မရအောင် ထိန်းပြရန် မန်ယူအသင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.