မန်အသင်းရဲ့ဂိုးပြတ်နိုင်ပွဲမှာ မဖြစ်မနေချီးကျူးရမယ့် ကစားသမား ၅ဦး

မန်ယူအသင်းဟာ ဩစတေးတီးယားအသင်းမဲဘုန်းအသင်းကို ၄-၁ ဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။၅မိနစ်မှာတင် ဦးဆောင်ဂိုးပေးခံရပေမယ့် ပထမပိုင်းတင် ၂ဂိုးပြန်သွင်းကာ အနိုင်ရလဒ်ကို ယူနိုင်ခဲ့ပါတယ်။




ပထမပိုင်းမှာတော့ စီနီယာကစားသမားတွေကိုပွဲထုတ်ခဲ့ပြီး တစ်ပွဲလုံးတိုက်စစ်ဆင်ကစားနေပြီး ဆန်ချိုရဲ့အတိုးအလှုပ်တွေနဲ့ ဖရက်ဒ်ရဲ့ရုန်းအားတွေက ပြိုင်ဖက်တွေကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။

တော်မီနေးကတော့ ခြေစွမ်းမပြနိုင်ပေမယ့် ခြေပဂိုးကိုတော့ ကံကောင်းထောက်မစွာနဲ့ သွင်းယူနိုင်ခဲ့ပါတယ်။မာရှယ်ကတော့ အထောင်တိုက်စစ်မှူးပီသစွာရလာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးခဲ့ပြီး အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။




​ေ၀ဖန်မှုတွေခံနေရတဲ့ မာရှယ်ကတော့ ခြေစမ်းပွဲနှစ်ပွဲဆက်တိုက်ဂိုးသွင်းပြနေပြီး အသင်းအတွက် အားကိုးရမယ့် တိုက်စစ်မှူးဖြစ်ကြောင်းသက်သေပြနေပါတယ်။မန်ယူအသင်းပေးခဲ့ရတဲ့ ဦးတောင်ဂိုးကတော့ မက်ဂွိုင်းယားရဲ့ လေးလံနှေးကွေးမှုကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ဒီပုံစံအတိုင်းဆို မက်ဂွိုင်းယားကို ခေါင်းဆောင်လက်ပတ်ထပ်ပေးသင့်လားဆိုတာ စဥ်းစားစရာပါ့ပဲ။




ဒုတိယပိုင်းမှာတော့ အကုန်လူစားလဲပစ်ခဲ့ပြီး ရက်ဖို့ဒ်၊ဘိုင်လီ၊တဲလက်စ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။မန်ယူအသင်းရဲ့ တတိယမြောက်ဂိုးကတော့ ရက်ဖို့ဒ်ရဲ့သေသပ်လှတဲ့အဆုံးသတ်မှုကနေ ရရှိခဲ့တာဖြစ်ပြီး ရက်ဖို့ဒ်အတွက်လည်းယုံကြည်မှုတွေပြန်ရစေခဲ့ပါတယ်။




နောက်ဆုံးဂိုးကတော့ တာဟစ်ချောင်ရဲ့ ဖြတ်တင်ဘောကို မဲဘုန်းစီးတီးကစားသမားက ဖြတ်ထုတ်ရင်း သွင်းမိသွားတာဖြစ်ပါတယ်။ဘိုင်လီလည်းတတိယဂိုးမှာပါ၀င်ပတ်သတ်ခဲ့သလို အသင်းရဲ့နောက်တန်းကိုလည်းအကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။




ဒုတိယပိုင်းမှာ လူငယ်အများအပြက်ုထည့်သွင်းခဲ့ပေမယ့် ကစားပုံပျက်မသွားပဲ ပွဲကိုထိန်းချုပ်ကာ တိုက်စစ်ကို ဆင်ကစားနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာတော့ ဆန်ချို၊မာရှယ်၊ဘိုင်လီ၊ဖရက်ဒ်နဲ့ လူငယ်ကြယ်ပွင့်ဇီဒန်းတို့ကိုမဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။

Hh

Leave a Reply

Your email address will not be published.