မန်ယူကိုမသွားဘဲ မန်စီးတီးကိုရောက်သွားတဲ့ တပည့်ဟောင်း ဟာလန်းကို ဆုံးမစကားပြောပြီး ဆုတောင်းပေးခဲ့တဲ့ ဆိုးလ်ရှား

အားလင်း ဟာလန်း ဆိုတာက ဥရောပ ကလပ် တိုင်းက လိုချင််တဲ့ တိုက်စစ်မှူး တစ်ဦးပဲ ဖြစ်ပါတယ် ။

သူဟာ လူငယ်် ကစားသမား ဘဝကို ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှား ကိုင်တွယ်ခဲ့တဲ့ မိုလ်ဒီ အသင်းမှာ စတင်ခဲ့သူပဲ ဖြစ်ပါတယ် ။




အဲ့ဒီနောက် သူဟာ RB ဆဲလ်ဘတ် အသင်းမှာ ကစားခဲ့ပြီး ဂိုးသွင်း စွမ်းရည်တွေ ပြသနိုင်ခဲ့တဲ့ တစ်နှစ် အကြာမှာတော့ ဂျာမန် ထိပ်သီး ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီကြားထဲမှာတော့ သူဟာ ယူနိုက်တက်ကို ကိုင်တွယ်နေခဲ့တဲ့ နည်းပြဟောင်း ဆိုးလ်ရှားရဲ့ ချိတ်ဆက်မှုကို ရရှိခဲ့ပါတယ် ။




ဒါပေမဲ့ အပြောင်းအရွှေ့ဟာ လက်တွေ့မှာ မဖြစ်ပွားခဲ့ရပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အေးဂျင့် ဖြစ်သူဟာ Buyout Clause တစ်ခုကို အလိုရှိနေခဲ့ပြီး အနာဂတ် တစ်ခုမှာ ရောင်းချဖြစ်ခဲ့ပါက % အကြီးကြီး တစ်ခုကို ပေးဖို့ပါ တောင်းဆိုခဲ့လို့ပဲ ဖြစ်ပါတယ် ။

ဒါကို သတင်းအချို့က ဘောလုံး အားကစား လောကကို ဖျက်စီးခြင်းဆိုပြီး ခေါင်းစဥ်တပ်ခဲ့ကြပါသေးတယ် ။ အဲ့ဒီနောက်မှာတော့ ဟာလန်းဟာ ဒေါ့မွန် အသင်းဆီကို ရောက််သွားခဲ့ပြီး ပြိုင်ပွဲစုံ 88 ပွဲအထိ ကစားပေးခဲ့ရာမှာ 85 ဂိုး အထိ သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။




အခုတော့ ဟာလန်းက ယူနိုက်တက်တို့ရဲ့ မြို့ခံ ပြိုင်ဖက် ဖြစ်တဲ့ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အခုတော့ သူ့ရဲ့ နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား က မန်ချက်စတာ ရဲ့ မှားယွင်းတဲ့ တစ်ဖက်ခြမ်းမှာ ကံကောင်းနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြောင်း ဟာလန််း က ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် စီးတီးနဲ့ စာချုပ် ချုပ်ဆိုခဲ့ချိန်မှာ သူ (ဆိုးလ် ရှား) ဟာ ဂုဏ်ပြုခဲ့ပြီး ‘ မန်ချက်စတာရဲ့ မှားယွင်းတဲ့ တစ်ဖက််ခြမ်းမှာ ကံကောင်းနိုင်ပါစေ ‘ လို့လည်း မက်​ဆေ့ပေးပို့ခဲ့ပါတယ် ။ ကျွန်တော်တို့ တခါတလေ စကားတွေ ပြောဖြစ်ကြပါတယ် ”




” ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ ၊ မိုလ်ဒီမှာတုန်းက သူဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝအပေါ် အကြီးကြီး လွှမ်းမိုးနိုင်ခဲ့တယ်လေ ။ သူဟာ လူကောင်း တစ်ဦးပါ ။ လွန်ခဲ့တဲ့ 3 နှစ်တုန်းက မန်စီးတီးမှာ အဂူရို ရှိနေခဲ့တဲ့အတွက် သူတို့ဟာ ကျွန်တော့်ကို မခေါ်ယူလိုခဲ့ကြပါဘူး ”

” အဲ့ဒီအချိန်တုန်းက မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခွင့် မရှိခဲ့ပါဘူး ။ အခြေခံအားဖြင့်တော့ ကျွန်တော် ကိုယ်တိုင််ကလည်း အင်္ဂလန်ဆီ လာရောက်ရေးထက် အခြားဆီ သွားရောက်လိုခဲ့တာလေ။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဒီလာဖို့ အခွင့်အရေး အများကြီး ပိုင်ဆိုင်ဖူးပါတယ် ”




” ဒါပေမဲ့ ကျွန်တော်ကတော့ အခြားအသင်းဆီပဲ ပြောင်းလိုခဲ့ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ် ။ ကျွန်တော်ဟာ မိုလ်ဒီမှ ထွက်ခွာခဲ့တဲ့နောက် ဆဲလ်ဘတ် ၊

ဒေါ့မွန် အသင်းတွေဆီ ပြောင်းပြီး ပြည့်စုံမှန်ကန်တဲ့ ဆုံးဖြတ််ချက်တွေ ချနိုင်ခဲ့ပါတယ် ။ အခု complain လုပ်နေတာ မဟုတ်ပါဘူး ” လို့ ဟားလန်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.