ပေါ့ဂ်ဘာအပြောင်းအရွေ့တုန်းက သူပြောမိတာနဲ့ပတ်သတ်ပြီး မှားပါပြီဗျလို့ ၀န်ခံလိုက်တဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကမ္ဘာစံချိန်တင် ကြေးရှင်အောင် ပေါ့ဘာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုခဲ့မှုဟာ မှားပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

၂၀၁၆ မှာတုန်းက ယူနိုက်တက်ဟာ ပေါ့ဘာကို ပေါင် ၈၉ သန်း ပေးပြီး ခေါ်ယူခဲ့တာပါ။ ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်း သုံးပြီး နူးညက်စ်ကို ခေါ်ယူခဲ့ပါတယ်။




ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ဆိုပေမယ့် ထပ်တိုးကြေး ပေါင် သန်း ၂၀ ကို နောက်ထပ် ပေးချေမှာဖြစ်ပါတယ်။ပေါ့ဘာ အပြောင်းအရွှေ့ ဖြစ်ခဲ့တုန်းက သူ့ဘဝမှာ ဘယ်တော့မှ ကစားသမားတစ်ဦးအတွက် ယူရို သန်း ၁၀၀ သုံးမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုခဲ့တာပါ။

ဒါပေမယ့် ဒါဝင်အတွက် ယူရို သန်း ၁၀၀ သုံးခဲ့တဲ့အပေါ် လူတွေက မေးခွန်းထုတ်ခဲ့ပြီး သူပြောတာ မှားသွားပါတယ်လို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။




‘ ဈေးကွက်က အများကြီး ပြောင်းလဲသွားပါပြီ။ တကယ်ကို အများကြီး ပြောင်းလဲသွားပါတယ်။ ဒီလို ကိစ္စတွေက ဖြစ်သွားနိုင်ပါတယ်။

ဒါဝင်လို စိတ်လှုပ်ရှားစရာ တိုက်စစ်သမားကို ခေါ်ယူလိုပြီဆိုရင်တော့ ဈေးကွက်တန်ကြေးအတိုင်း ပေးဖို့ပဲ ရှိပါတော့တယ်။




ကျနော်က ဘဝမှာ ကိစ္စတွေ အများကြီးကို ပြောခဲ့တယ်။ ပြောပြီးတဲ့နောက်မှာ ဒီစကားတွေကပဲ ကိုယ့်ကို ပြန်လာထိတာတွေ ကြုံလာခဲ့ပါပြီ။

ဘဝမှာ အပြောင်းအလဲတွေ ဘယ်လောက်မြန်မြန် ဖြစ်တတ်တယ်ဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါဘူး။




ကိုယ်ပြောခဲ့တာတွေကိုတောင် မေ့သွားချိန်မှာ လူတွေက သတိလာပေးကြတယ်။ အဲ့တော့မှ သြော် အဲ့လိုပြောခဲ့လားဆိုပြီး ပြန်သတိရရတာပေါ့။

ကျနော်က ဘဝမှာ ဆိုးရွားတဲ့ ကိစ္စတွေ အများကြီး ပြောခဲ့ဖူးတာ ဝန်ခံပါတယ်။ ပေါ့ဘာ ကိစ္စကလည်း အဲ့တာတွေထဲက တစ်ခုပါပဲ ’ လို့ ကလော့ပ်က ဝန်ခံခဲ့တာ ဖြစ်ပါတယ်။




ဈေးကွက်ထဲမှာတော့ ဒါဝင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဆက်ရှိနေပါတယ်။ လီဗာပူးက ဒါဝင်အတွက် ပေးရတဲ့ ယူရို သန်း ၁၀၀ ဟာ ဒီနေ့ခေတ်ရဲ့

ပုံမှန် တန်ကြေးတစ်ခုလို့ မြင်ကြသူတွေရှိပြီး အနာဂတ်မှာ ယူရို သန်း ၁၅၀ နဲ့ သန်း ၂၀၀ တန်တွေ အများကြီး ထွက်ပေါ်လာမယ်လို့ ဟောကိန်းထုတ်နေကြတာ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.