နည်းပြသစ်တန်ဟန်လက်အောက်မှာ ကစားရင်း ပထမဆုံးအကြိမ် တန်ဟန်ကိုမှတ်ချက်ပေးလိုက်တဲ့ ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ်် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က နည်းပြသစ် အဲရစ် တန်ဟတ် လက်အောက်မှာ ကစားရခြင်းကို လတ်ဆက်တဲ့ စတင်မှုလို့ ခေါင်းစဥ်တပ် မှတ်ချက်ပေးခဲ့လိုက် ပါတယ်။ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ တိုက်စစ် ကစား သမား တစ်ဦး ဖြစ်ခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီိတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 32 ပွဲ အထိ ကစားပေးခဲ့ပြီးနောက် 5 ဂိုးသာ သွင်းယူနိုင်ခဲ့ကာ စိတ်ပျက်ဖွယ် ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင်ခဲ့ရပါတယ် ။




ဒါ့ကြောင့်လည်း သူဟာ မကြာသေးခင်က အင်္ဂလန် တို့ ကစားခဲ့ကြတဲ့ ပွဲစဥ်တွေမှာ မပါဝင်ခဲ့ပဲ နည်းပြ ဂါးရတ် ဆောက်ဂိတ် ရဲ့ ချန်လှပ်မှုကို ခံခဲ့ရပါသေးတယ် ။ဒါပေမဲ့ ဆောက်ဂိတ် ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွက် လူထပ််ရွေးဦးမှာလို့ ပြောခဲ့ခြင်းက စိတ်သက်သာရာ ရရှိစေခဲ့ပါတယ် ။




ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် တို့ရဲ့ ရာသီကြို ပထမဆုံး ပွဲစဥ်တုန်းက လီဗာပူး အသင်းနဲ့ ပွဲမှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ။အခုတော့ မဲလ်ဘုန်း ဗစ်ထရီ အသင််း နဲ့ ကစားရမယ့် ပွဲစဥ်မတိုင်မီမှာ သူ့ရဲ့ ခံစားချက်ကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။




” ကျွန်တော်တို့ အတူတကွ လုပ်နိုင်တာ အများကြီး ရှိပါတယ် ။ ကျွန်တော့် အတွက်တော့ ဒါက လတ်ဆက်တဲ့ စတင််မှု တစ်ခုပါပဲ ။ ဒါ ကျွန်တော် ရှေးရှုနေခဲ့တဲ့ အရာပါပဲလေ ။ နှစ်ပါတ်ခွဲ လေ့ကျင့်ခဲ့မှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ် ”” ကျွန်တော်တို့ အများကြီး တိုးတက်လာပါပြီ ။ အသင်းဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး fit ဖြစ်လာခဲ့ ပါတယ် ။ ကျွန်တော်တို့ နောက်ထပ် တိုးတက်နိုင်သေးတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ် ။ ကျွန်တော်ဟာလည်း ပိုကောင်းတဲ့ အနေအထား တစ်ခုကို ပိုင်ဆိုင်ထားပါပြီ ”




” ကျွန်တော် နောက်ထပ် ပွဲစဥ်တွေ အများကြီး ကစားလိုပြီး ရာသီသစ်အတွက် အဆင်သင့် ဖြစ်လိုနေပါပြီ ။ လေးပါတ်အတွင်း အကြာကြီး အားလပ်ရက် ပိုင်ဆိုင်တာက ပုံမှန်တော့ မဟုတ်ပါဘူး ။ ဒါက ကျွန်တော့်အတွက် refresh ဖြစ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့ရပါတယ် ”” ကျွန်တော် ရှေ့ဆက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ ။ ကျွန််တော်ဟာ အခွင့်အရေး ရရှိတဲ့ အခါမှာ လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပါပြီ ။ ဆက်လက်အာရုံစိုက်ဖို့ပဲ လိုအပ်ပါတော့တယ် ။ ဒါက အသင်းနဲ့ ရာသီကြို အစကနေ လိုက်ပါခွင့်ရတဲ့ ပထမဆုံး အကြိမ်ပါပဲ ”” ဒါ့ကြောင့် ကျွန်တော်ဟာ ပုံမှန်ထက် ပိုပြီး ကောင်းမွန်တဲ့ ခံစားချက်တွေ ပိုင်ဆိုင်ခဲ့ရပါတယ် ။ အခုလို လတ်ဆက််စွာ စတင်ခွင့်ရတာ တကယ်ပဲ ကောင်းမွန်လှပါတယ် ။ အခု ကျွန်တော် လန်းဆန်းပြီး အဆင်သင့် ဖြစ်နေပြီလို့ ခံံစားနေရပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။




crd

Leave a Reply

Your email address will not be published.