တစ်ဂိုးပေးပြီး ၄ဂိုးပြတ်သွင်းကာ နည်းပြသစ်နဲ့အတူ ကြမ်းချင်တိုင်းကြမ်းနေတဲ့ မန်ယူအသင်း

မန်ယူအသင်းဟာ မဲဘုန်းအသင်းနဲ့ ၄:၃၅မိနစ်မှာ ခြေစမ်းပွဲစတင်ကစားခဲ့ပြီး ဂိုးသမားနေရာမှာ တွန်ဟိတန်ကိုပွဲထုတ်ခဲ့ပါတယ်။နောက်တန်းမှာတော့ မက်ဂွိုင်းယား၊လင်ဒီလော့ဒ်၊ဒါးလော့ဒ်၊လုခ်ရှော တို့ကိုပွဲထုတ်ခဲ့ပြီး




ကွင်းလယ်ခံစစ်မှာတော့ တော်မီနေး၊ဖရက်ဒ်နဲ့ ကွင်းလယ်တိုက်စစ်မှာတော့ အီလန်ဂါ၊ဖာနန်ဒတ်၊ဆန်ချို တို့ကိုအသုံးပြုခဲ့ပြီး အထောင်တိုက်စစ်မှာတော့ မာရှယ်ကို အသုံးပြုခဲ့ပါတယ်။




ပွဲစပြီး ၅မိနစ်မှာ မဲဘုန်းရဲ့လျင်မြန်တဲ့တိုက်စစ်ကနေ နှေးကွေးလေးလံနေတဲ့ မက်ဂွိုင်းယားတို့ရဲ့ခံစစ်က်ု အမြန်ထိုးဖောက်ကာ ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။




မန်ယူအသင်းကတော့ချေပဂိုးရဖို့ တိုက်စစ်ကို ဆက်တိုက်ဆင်နေပြီး မဲဘုန်းကတော့ တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားနေပါတယ်။

မန်ယူတိုက်စစ်ဆင်နေရင်းပဲ တော်မီနေးဆွဲလာတဲ့ဘောလုံးကို မဲဘုန်းနောက်တန်းတွေဖျက်ထုတ်မှုမသေသပ်ရာမှ တော်မီနေးကပဲ ကန်သွင်းကာ မန်ယူအသင်းအတွက် ခြေပဂိုးရယူပေးခဲ့ပါတယ်။




မန်ယူအသင်းကပဲထပ်ပြီး တိုက်စစ်ဆင်ကစားနေရင်း ဒါးလော့ဒ်ရဲ့ဖြတ်တင်ဘောကို အီလန်ဂါကထပ်မံထိခဲ့ပြီး မာရှယ်စီအရောက်မှာ မန်ယူအသင်းအတွက် ဥိးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။မန်ယူအသင်းဟာ ပထမပိုင်းမှာပဲ ၂-၁ နဲ့ အနိုင်ယူထားနိုင်ပါတယ်။




ဒုတိယပိုင်းမှာတော့ ရက်ဖို့ဒ်၊တဲလက်စ်နဲ့ ဘိုင်လီတို့စီနီယာကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ထည့်သွင်းခဲ့ပါတယ်။ဒါပေမယ့်ပွဲကို ထိန်းချုပ်ပြီး တစ်ပွဲလုံးတိုက်စစ်ဆင်နေတာကမန်ယူအသင်းဖြစ်ပြီး မဲဘုန်းကတော့ တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားနေပါတယ်။မန်ယူအသင်းအတွက် ရက်ဖို့ဒ်နဲ့တန်ဟစ်ချောင်တို့က ဂိုးတွေထပ်မံသွင်းယူခဲ့ပြီး ၄-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

HH

Leave a Reply

Your email address will not be published.