ဂိုးပြတ်နိုင်ပွဲပြီးနောက် ပြိုင်ဘက်ကိုချီးကျူးရင်း ခြေစွမ်းပြနေတဲ့ လူငယ်တွေရဲ့အနာဂတ်ကို ပြောပြလာတဲ့ တန်ဟန်

ယူနိုက်တက်ဟာ မဲလ်ဘုန်း ဗစ်ထရီအသင်းနဲ့ ခြေစမ်းပွဲ ကစားရာမှာ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် တော်မီနေး၊ မာရှယ်၊ ရက်ဖိုဒ့်အပြင် ပြိုင်ဘက်အသင်းသား လူပန်ချူရဲ့ ကိုယ်ဂိုးကို သွင်းယူမှုနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။




ဒီနေ့ပွဲမှာလည်း နည်းပြတန်ဟက်က တောင့်တင်းတဲ့ လူစာရင်းကိုပဲ ထုတ်သုံးခဲ့ကာ မက်ဂွဲရား၊ ဖရတ်၊ မာရှယ်တို့ကို ထုတ်သုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရက်ဖိုဒ့်၊ ဗန်ဒီဘိခ်၊ မာလာစီရာတို့ကို လူငယ်ကစားသမားတွေနဲ့ တွဲဘက်ပေးခဲ့တာဖြစ်ပါတယ်။




ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ယူနိုက်တက်ရဲ့ ကစားပုံက ကောင်းမွန်မှု ရှိခဲ့ကာ အီလန်ဂါ၊ ဘိုင်လီ၊ ဆာဗေ့ချ်၊ ဇီဒန်း၊ ရက်ဖိုဒ့်တို့ဟာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။




နည်းပြတန်ဟက်က “ အတော်လေး ကျစ်လစ်မှုရှိတဲ့ ပြိုင်ဘက်ပါပဲ။ ခံစစ်ကို ပြန်ဆင်းနိုင်ပြီး ကျနော်တို့ကို ကြံ့ကြံ့ခံဖို့ စောင့်ဆိုင်းနိုင်ခဲ့တယ်။ ကျနော်တို့ ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်ခဲ့တယ်။ မှန်ကန်တဲ့ ကိစ္စတွေကို အတော်လေး လုပ်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်။




တိုက်စစ်ဆင်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ဆိုတာ လွယ်ပေမယ့် ခံစစ်အထိုင်ချကစားတဲ့ အသင်းနဲ့ ရင်ဆိုင်ချိန်မှာ ကိုယ်က များများပြေးဖို့ လိုအပ်ခဲ့တာပေါ့ ” လို့ ပြောပြခဲ့တယ်။ယူနိုက်တက် လူငယ်ကြယ်ပွင်ေ့တွရဲ့ ခြေစွမ်းပြနေမှုအပေါ်မှာလည်း ယူနိုက်တက် နည်းပြက ” ယူနိုက်တက်မှာ အရည်အချင်းရှိ ကြယ်ပွင့်လေးတွေ ရှိထားပါတယ်။ ဒါပေမယ့် သူတို့က ဖွံ့ဖြိုးလာဖို့နဲ့ တိုးတက်လာဖို့ လိုပါတယ်။

ဒီကစားသမားတွေကို ကျနော်တို့နဲ့အတူ ခေါ်ယူလာခဲ့တာကြောင့် အထင်ကြီးစရာ လုပ်ပြမှုတွေကို ရခဲ့ပါတယ်။ သူတို့အားလုံး အခွင့်အရေးရမှာပါ။ အသင်းအတွက် သူတို့ ချက်ခြင်း စွမ်းဆောင်နိုင်မလား ဒါမှမဟုတ် အငှားထွက်ဖို့ လိုမလား ကြည့်ရမှာပါ ” လို့ ဆက်လက် ပြောဆိုခဲ့တာဖြစ်ပါတယ်။




ရာသီကြို ဒုတိယမြောက် ခြေစမ်းပွဲဖြစ်တဲ့ ဒီကနေ့ပွဲကိုတော့ သြစတြီးလျက ပရိသတ် ၇၅၀၀၀ ဝန်းကျင် တက်ရောက် အားပေးခဲ့တယ်လို့ သိရပြီး ယူနိုက်တက် ကစားသမားဟောင်း နာနီကလည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.