ရော်နယ်ဒိုကို ခေါ်ယူမှာလားဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ပြီး နည်းပြသစ်နဲ့မန်ယူအသင်းအပေါ်မှတ်ချက်ပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ မနေ့ညကပဲ မန်စီးတီး အသင်းကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို ယူရိုသန်း ၅၀ ၊ တပတ်လုပ်ခ ပေါင် ၃သိန်းနဲ့ ၅နှစ်

စာချုပ် ချုပ်ဆိုကာ ၊ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် နာပိုလီ အသင်းရဲ့ ခံစစ်မှူး ကာလီဒူ ကူလီဘာလီဟာလည်း ချဲလ်ဆီးနဲ့ တရားဝင် ဆေးစစ်မှု ခံယူဖို့ လန်ဒန်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်း ခံစစ်မှူး ၃ဦး အထိ ဖြည့်တင်းဖို့ ပစ်မှတ်ထားနေရာ ၊ ကူလီဘာလီရဲ့

အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီးနောက် ၊ မန်စီးတီး နောက်ခံလူ နေသန် အကီ ၊ ပီအက်စ်ဂျီ နောက်ခံလူ ပရက်စနဲလ် ကင်ပန်ဘီတို့ကို ထပ်မံ ခေါ်ယူနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်

တဖက်မှာ အထောင် တိုက်စစ်နဲ့ ညာတောင်ပံ တိုက်စစ်ကို ဖြည့်တင်းချင်သေးတဲ့ တူချယ် ဟာ နာမည်ကြီး ကမ္ဘာကျော် စူပါစတား ၂ဦး ဖြစ်တဲ့

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုနဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးတို့ အနက် တဦးဦးကို ခေါ်ယူဖို့ မီးစိမ်းမပြရသေးပါဘူး ။

၂ဦးလုံး ဟာ ချဲလ်ဆီးရဲ့ ရေဒါထဲ ဆက်ရှိနေသလို ၊ ၂ဦးလုံးဟာလည်း လက်ရှိ ကလပ်များမှ ကိုယ်စီ ထွက်ခွာချင်နေကြပါတယ် ။ Sky Sports News နဲ့

တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ တူချယ် ဟာ ယင်းတိုက်စစ်မှူး ၂ဦးကို ခေါ်ယူမလား ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ၁၀၀% ငြင်းဆန်ပယ်ချခဲ့ခြင်းတော့ မရှိပါဘူး ။

တူချယ် က ” နောက်ထပ် တိုက်စစ်မှူး တဦး ထပ်ခေါ်မယ့် ကိစ္စကို ကျွန်တော် ရာနှုန်းပြည့်တော့ မငြင်းဆန်ချင်ပါဘူး ။ ဒါပေမယ့် အထောင် တိုက်စစ်ဟာ လောလောဆယ်

ကျွန်တော်တို့ ဦးစားပေး ဖြည့်တင်းရမယ့် နေရာ မဟုတ်ပါဘူး ။ မဖြစ်မနေ ဖြည့်တင်းဖို့ လိုတာက ခံစစ်သာ ဖြစ်ပါတယ် ။ ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး ။ ”

” ခံစစ်ကို အရင် ဖြည့်ပြီးမှ ဘာတွေ လိုအပ်သေးလဲ ဆိုတာ ဆက်ကြည့်ကြတာပေါ့ ။ ကျွန်တော်တို့ဟာ ပြည်တွင်း အကောင်းဆုံး ကလပ် ၂သင်းနဲ့

အနီးကပ် ပြိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေရပြီး ၊ တော့တင်ဟမ် ဟာ လက်ရှိ နွေရာသီ စျေးကွက် အစောပိုင်း ကာလမှာ လှုပ်ရှားပုံ အရမ်း သွက်လက်ခဲ့ပါတယ် ။ ”

” သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အင်အား အတောင့်တင်းဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်နေပြီလို့ ပြောကောင်းပြောနိုင်သလို ၊ ဒီအသင်းကို

ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ တဦးက တာဝန်ယူ ကိုင်တွယ်နေတာပါ ။ မန်ယူနိုက်တက်ဟာလည်း နည်းပြသစ် အပြောင်းအလဲ လုပ်ဖို့ တစက်မှ တွေဝေခဲ့ခြင်း မရှိပါဘူး ။ ”

” အာဆင်နယ်ဟာလည်း ကြီးကျယ်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ထားတာကြောင့် ကျွန်တော်တို့ဟာ ဒီကလပ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ လိုအပ်နေပါပြီ ။ ” လို့

ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး တူချယ် က အခြား Big 6 ကလပ်တွေရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကလပ် ၂သင်း ဖြစ်တဲ့ မန်စီးတီး ၊ လီဗာပူးတို့နဲ့ ပြိုင်ဆိုင်နေရရုံသာမက ၊ ကမ္ဘာ့ အကောင်းဆုံး နည်းပြ ၂ဦးနဲ့လည်း ပြိုင်ဆိုင်နေရပါတယ် ။

နောက်ပြီး ခင်ဗျားဟာ လက်ရှိ အပြောင်းအရွှေ့ စျေးကွက် ကာလ အတွင်း တော့တင်ဟမ် ၊ အာဆင်နယ် ၊ မန်ယူနိုက်တက်တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် ၊ လာမယ့် ရာသီဟာ အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်တယ် ဆိုတာ သိနိုင်ပါလိမ့်မယ် ။ ”

” ကျွန်တော်တို့ဟာ sanction တွေ ခံခဲ့ရတဲ့ အပြင် ၊ ထိပ်တန်း အရည်အသွေးရှိ အဓိက သော့ချက် ကစားသမားတွေကိုလည်း ဆုံးရှုံးထားရပါတယ် ။ နောက်ပြီး ကျွန်တော်တို့ အသငးဟာ အပြောင်းအလဲ ကာလတခုနဲ့ ရင်ဆိုင်နေရပါတယ် ။ ”

” အသင်းပိုင်ရှင် အပြောင်းအလဲကြောင့် အပြောင်းအရွှေ့ စျေးကွက် အတွင်း ကျွန်တော်တို့ဟာ အနောက်မှာ ကျန်နေခဲ့ပါတယ် ။ ဒီတော့ ကျွန်တော်တို့မှာ တိုးတက်စရာ အများကြီး ရှိနေပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။Crd

Leave a Reply

Your email address will not be published.