မန်ယူကထွက်မယ့်ရော်နယ်ဒိုကို ပေါင်သန်း၂၄၀နဲ့ ကမ်းလှမ်းလိုက်တဲ့ ကလပ်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကြီး ခရစ္စတီယာနိုရော်နယ်ဒိုကို များပြားလှတဲ့ပမာဏတစ်ခုနဲ့ ဆော်ဒီအာရေးဗျကလပ်တစ်ခုကကမ်းလှမ်းခဲ့ကြောင်း သတင်းတွေကဖော်ပြလာကြပါတယ်။

အရှေ့အလယ်ပိုင်းဒေသက အမည်မဖော်လိုတဲ့အသင်းတစ်သင်းဟာ ရော်နယ်ဒိုအတွက်ယူနိုက်တက်တို့ကုန်ကျခဲ့တဲ့ပြောင်းရွှေ့စရိတ်ရဲ့ ၂ဆလောက်ရှိတဲ့ယူရိုသန်း ၃၀နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေကြောင်း CNN Portugal ကဖော်ပြခဲ့တာပါ။

တကယ်လို့ရော်နယ်ဒိုသာ အသင်းပြောင်းဖို့လက်ခံခဲ့မယ်ဆိုရင် တစ်နှစ်ကိုပေါင် ၁၀၅သန်းဝန်းကျင်ရှိတဲ့လစာပမာဏတစ်ခုကိုရရှိမယ့်အပြင် ဆော်ဒီမှာကစားမယ့် ၂နှစ်အတွင်း ပေါင်သန်း ၂၁၀နီးပါးရရှိမှာဖြစ်ပါတယ်။

အခုလိုများပြားလှတဲ့ကမ်းလှမ်းမှူတွေကိုပြုလုပ်ခဲ့တာကတော့ အတော်လေးချမ်းသာတဲ့အသင်းတစ်သင်းဖြစ်ပြီး အေးဂျင့်ကြေးပေါင်သန်း ၂၀လဲပါဝင်သေးတာပါ။

ယခုလအစောပိုင်းက ရော်နယ်ဒိုဟာ သူ့အတွက်ကျေနပ်လောက်စရာကမ်းလှမ်းမှုမျိုးရခဲ့ရင် အသင်းကနေထွက်ခွါခွင့်ပေးဖို့တောင်းဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို အံ့အားသင့်စေခဲ့ပါတယ်။

အသင်းပြောင်းဖို့တောင်းဆိုပြီးကတည်းက ရော်နယ်ဒိုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုလဲရောက်မလာသလို ဘန်ကောက်ခြေစမ်းခရီးစဉ်ကိုကလဲ လိုက်ပါသွားခြင်းမရှိပါဘူး။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၄ဂိုးအထိသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၈ဂိုးအထိသွင်းယူနိုင်ခဲ့ကာ သူ့ထက်ဂိုးပိုသွင်းထားတာဆိုလို့ ရွှေဖိနပ်ဆုရှင်တွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆွန်ဟောင်မင်တို့ပဲရှိပါတယ်။

ရော်နယ်ဒိုရဲ့အနာဂတ်မသေချာမှုက ယူနိုက်တက်အသင်းသားတွေအပေါ် အကျိုးသက်ရောက်မှုရှိပုံမရဘဲ ဘန်ကောက်ခြေစမ်းခရီးစဉ်မှာ မဟာပြိုင်ဘက်လီဗာပူးကို ၄ဂိုးပြတ်နဲ့အနိုင်ယူပြခဲ့တာပါ။Crd

Leave a Reply

Your email address will not be published.