မန်ယူကထွက်မယ့်ရော်နယ်ဒိုကို ခေါ်မှာလားမခေါ်ဘူးလားဆိုတာ အတည်ပြုပေးခဲ့တဲ့ ချဲလ်ဆီးနဲ့တူချယ်

ချဲလ်ဆီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ စူပါစတား ဝါရင့် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ကြောင်း The Athletic သတင်းဌာနက အတည်ပြုလိုက်ပါတယ် ။

အဓိက အကြောင်းအရင်းကတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ဟာ အသစ်စက်စက် ရောက်လာတဲ့ ရာဟင်း စတာလင်နဲ့

လက်ရှိ တိုက်စစ် အစုအဖွဲ့ကို တည်ဆောက်ချင်နေသလို ၊ ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန်သို့ အငှါးထွက်ကာ ခြေစွမ်းပြခဲ့တဲ့

လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို နေရာပေးချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

အဲဒီအပြင် တူချယ်ဟာ Sky Sports News နဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့တဲ့အတိုင်း ၊ တိုက်စစ်မှူးအသစ် ဖြည့်တင်းဖို့ဟာ ၎င်းတို့ရဲ့ အဓိက

ဦးစားပေး ပစ်မှတ် မဟုတ်တာကြောင့် ၊ နောက်ခံလူ အသစ်တွေ ထပ်ရောက်လာဖို့သာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ရော်နယ်ဒိုကတော့ ခုချိန်ထိမန်ယူအသင်းနဲ့မပူးပေါင်းသေးပဲ ခြေစမ်းပွဲတွေကိုလည်းလိုက်ပါကစားခြင်းမရှိပါဘူး။

မန်ယူအသင်းကတော့ နည်းပြသစ်တန်ဟန်နဲ့အတူ ဘန်ကောက်က လီဗာပူးနဲ့ခြေစမ်းပွဲမှာ ၄-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဩစတေးတီးယား နိုင်ငံ မဲဘုန်းမြို့မှာ မဲဘုန်းအသင်းနဲ့ ခြေစမ်းပွဲထပ်မံကစားသွားမှာဖြစ်ပါတယ်။

နည်းပြသစ်တန်ဟန်ကတော့ ရော်နယ်ဒိုကရောင်းဖို့ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ရော်နယ်ဒိုနဲ့

လက်တွဲဖို့ မစောင့်နိုင်တော့ဘူးလို့လည်းပြောခဲ့ပါတယ်။ရော်နယ်ဒိုကတော့ မန်ယူကထွက်မယ်လို့ အသံပြုထားခဲ့ပေမယ့် လက်ရှိမှာတော့ ဘယ်အသင်းနဲ့မှ သဘောညီမှုမရသေးပါဘူး။

Leave a Reply

Your email address will not be published.