ဗန်ဒီဘိခ်ဟာ ဘယ်နေရာမှာကစားရင် အကောင်းဆုံးပုံစံဖြစ်မလဲဆိုတာပြောရင်း မန်ယူတိုက်စစ်ကို ရှင်းပြသွားတဲ့ တန်ဟန်

မန်ချက်စတာယူနိုက်တက် နည်းပြ တန်ဟက်က ကွင်းလယ်လူ ဗန်ဒီဘိခ်အနေဖြင့် တိုက်စစ် ပိုမိုလိုက်ပါသော ကွင်းလယ် ကစားသမား ပုံစံဖြင့် ယူနိုက်တက် ကစားသမား ဘဝကို အလှည့်အပြောင်း လုပ်ရန် တိုက်တွန်းခဲ့သည်။

တန်ဟက် ကိုင်တွယ်ခဲ့သော နယ်သာလန်လိဂ်ချန်ပီယံ အေဂျက်စ်အသင်းမှ ထွက်ခွာလာပြီးနောက် ဗန်ဒီဘိခ်သည် ယူနိုက်တက် ကစားသမားဘဝတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရေး ရုန်းကန်ခဲ့ရသည်။




အသက်-၂၅နှစ် အရွယ် ကွင်းလယ် လူသည် ပြီးခဲ့သည့် ဘောလုံး ရာသီဝက် ကာလတွင် အဲဗာတန်သို့ အငှား ထွက်ခွာ ကစားခဲ့ပြီး တန်ဟက်သာ ယူနိုက်တက် နည်းပြ မဖြစ်လာပါက ယခုနွေရာသီတွင် အိုးထရက်ဖို့ဒ်မှ အလွယ်တကူ ထွက်ခွာသွားဖို့ ရှိခဲ့သည်။

သို့သော် ယခုအခါ ဗန်ဒီဘိခ်တွင် ဒုတိယ အကြိမ် အခွင့်အရေး ရှိနေပြီး နည်းပြ တန်ဟက်က ကွင်းလယ် လူသည် နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားနိုင်ကြောင်း ယုံကြည်နေသည်။




သြစတြေးလျ၌ မဲဘုန်းလ်ဗစ်ထရီ၊ ခရစ္စတယ် ပဲလေ့စ်တို့နှင့် ရာသီကြို ခြေစမ်းပွဲ ကစားရန် ရောက်ရှိနေသော မန်ချက်စတာယူနိုက်တက် အသင်း နည်းပြ တန်ဟက်က “ ဗန်ဒီဘိခ်ရဲ့ အကောင်းဆုံး နေရာက  ပြိုင်ဘက်ရဲ့ ဂိုး ဧရိယာထဲမှာ သူ့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး တစ်ဦးရဲ့ နောက်မှာ ကစားနေရင်းနဲ့ မှန်ကန်တဲ့ အနေအထား တစ်ရပ်ကို ကောင်းကောင်း အနံ့ ခံနိုင်စွမ်းတွေ သူ့မှာ အပြည့်ရှိပါတယ်။




မန်ချက်စတာယူနိုက်တက်က ကစားသမားကောင်းတွေနဲ့ ကြီးမားတဲ့ အလားအလာ တစ်ခု ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံရင့် ကစားသမားတွေ ရှိသလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ကစားသမားလေးတွေ ရှိပါတယ်။

အခုချိန်ကစပြီး ဒီလို အလားအလာကောင်းတွေ ထွက်လာအောင် လုပ်သွားရမှာဖြစ်လို့ ကျွန်တော်တို့ အလုပ်တွေ အမှန်တကယ်  ပြင်းပြင်းထန်ထန် လုပ်ရပါလိမ့်မယ်”ဟု ပြောဆိုသည်။




ယူနိုက်တက်သည် ဘန်ကောက်မြို့၌ လီဗာပူးနှင့် ရာသီကြို ခြေစမ်းပွဲစဉ်ကစားခဲ့ရာ တိုက်စစ် ဘယ်ခြမ်း နေရာတွင် အဖွင့်ဂိုးရှင် ဆန်ချို၏ တစ်ကိုယ်တော် ပုံစံကောင်းများနှင့် အတူ လေးဂိုးပြတ် အနိုင်ရခဲ့သည်။

သို့သော်လည်း တန်ဟက်က ကွင်းတွင်း နေရာစုံမှ တိုက်စစ်ဆင် ကစားမှုပုံစံမျိုးကို လိုချင်ကြောင်း ပြောဆိုခဲ့သည်။ “ကျွန်တော်တို့မှာ ဘယ်ခြမ်း တိုက်စစ် ကောင်းကောင်းရှိတာကို မြင်ရလို့ အမှန်တကယ် ပျော်ရွှင်မိပါတယ်။




ဒါပေမယ့် လီဗာပူးနဲ့ ပွဲမှာလိုပဲ ညာခြမ်းတိုက်စစ်က ခြိမ်းခြောက်မှုတွေ အမြဲလုပ်နေရမှာပဲ ဖြစ်ပါတယ်။ ဒါက ကြည့်လို့ အရမ်း ကောင်းခဲ့ပါတယ်။

တစ်ခြမ်းတည်းကနေ တိုက်စစ်ဆင် ကစားတာက ခန့်မှန်းရ လွယ်ကူစေပါတယ်။ ကျွန်တော်တို့ကတော့ ဘက်ပေါင်းစုံကနေ တိုက်စစ်ဆင် ကစားဖို့ လိုအပ်ပါတယ်။ အခု ညာခြမ်းနဲ့ ကွင်းလယ်ကလည်း ဒီလိုပဲ ဖြစ်ရမှာပါ”ဟု တန်ဟက်က ဆက်လက်ပြောဆိုသည်။

crd

Leave a Reply

Your email address will not be published.