တန်ဟန်ဟာ အဂ်လန်မီဒီယာတွေရဲ့ မေးခွန်းတိုင်းကို ဖြေနေတာမို့ အသင်းရဲ့ လျို့၀ှက်ချက်တွေကိုလွယ်လွယ်မပြောနဲ့လို့ နီကိုးတိုက်တွန်း

လီဗာပူးကစားသမားဟောင်း စတိဗ် နီကိုးက ယူနိုက်တက်နည်းပြသစ် တန်ဟက်ဟာ ရိုးသားသူဖြစ်ပြီး

မန်ချက်စတာကလပ် တာဝန်ရှိသူ တစ်ဦးဦးက နည်းပြကို မလိုအပ်ရင် မဖြေပေးဖို့ရာ သတိပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ရာသီကြို မတိုင်ခင်မှာ နည်းပြတန်ဟက်က မက်ဂွဲရားကို အသင်းခေါင်းဆောင်အဖြစ် ဆက်ပြီး တာဝန်ပေးမယ့် ကိစ္စကို လူသိထင်ရှား ကြေညာခဲ့တာပါ။

ဒါ့အပြင် လီဗာပူးကို အနိုင်ရပေမယ့် အမှားတွေလုပ်ခဲ့မိကြောင်း ပြောရမှာ အခွင့်အရေး ပေးရမှု များပြားတာကအစ ထုတ်ပြောခဲ့ပါတယ်။

တန်ဟက်က ရိုးရိုးသားသား ဖြေဆိုပေမယ့်လို့ သူကိုင်တွယ်နေတာက နယ်သာလန်ကလပ် မဟုတ်ဘဲ အင်္ဂလန်ကလပ် ဖြစ်နေတာပါ။

ကလပ် တာဝန်ရှိသူတွေက အင်္ဂလန်မီဒီယာတွေအကြောင်း ဘာမှမသိသေးတဲ့ နည်းပြဖြစ်သူကို သတိပေးမှုတွေ လုပ်သင့်တယ်လို့ စတိဗ် နီကိုးက ထောက်ပြပါတယ်။

‘ နည်းပြတစ်ယောက်က မီဒီယာတွေ့ဆုံမှုကို ဖြေဆိုပေးဖို့ ရှိနေချိန်မှာ လူတိုင်းရဲ့ မေးခွန်းကို ဖြေပေးနေဖို့ မလိုပါဘူး။ မဖြေပေးသင့်ပါဘူး။

သူတို့ကို ကိုယ်သိစေချင်တာလောက်ပဲ ပေးသိလိုက်ပါ။ မေးခွန်းတိုင်းကို ဖြေပေးမနေပါနဲ့။ ကိုယ်က သိပ်ရိုးသားပေးနေဖို့ မလိုပါဘူး။

တန်ဟက်က အရမ်းရိုးနေတယ်။ မေးခွန်းတွေကို ရိုးရိုးသားသားကြီး ဖြေပေးနေတယ်။ မေးခွန်းတိုင်းကို ဖြေပေးရမယ်လို့ သူ့မှာ တာဝန်ရှိနေတာ မဟုတ်ပါဘူး။

ကိုယ်ရဲ့ အားသာချက်တွေကို ရင်ထဲမှာပဲ ထားပြီး ဘာတစ်ခုမှ မထုတ်ပြပါနဲ့။ မီဒီယာတွေကို ဖြေသင့်တာလောက်ပဲ ဖြေပေးလိုက်ပါ။

လူတွေက ‘ မနှစ်ကရာသီ ဒီလောက် ညံ့ခဲ့တာကို တွေ့ရဲ့သားနဲ့ ဘာလို့များ ခင်ဗျားက မက်ဂွဲရားကို အသင်းခေါင်းဆောင်အဖြစ် ဆက်ထားလဲ?’ ဆိုတာမျိုးတွေ မေးခွန်းထုတ်လာကြတော့မယ်။ ကျနော် အဲ့လို မဖြစ်စေချင်ဘူး။

ပါးစပ်ပိတ်သင့် ပိတ်ထားလိုက်ပါ။ လွယ်လွယ်လေးပါပဲ။ တစ်ယောက်ယောက်တော့ အဲ့လိုလုပ်ဖို့ သူ့ကို သတိပေးကြပါဦး။

မီဒီယာတွေကို ကိုယ်သိစေချင်တာပဲ ဖြေပေးဖို့နဲ့ သူတို့ သိချင်တာတွေကို လိုက်ဖြေပေးမနေဖို့ ပြောကြပါဦး။ အဲ့လိုဆိုရင် အဆင်ပြေသွားပါလိမ့်မယ် ’ လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

လာမယ့်လမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ စတင်လာဖို့ ရှိနေတာနဲ့အတူ နည်းပြတန်ဟက်ဟာ ကွင်းတွင်း စွမ်းဆောင်ရည်အတွက်

ယူနိုက်တက်ကို ဦးဆောင်ရမှာ ဖြစ်သလို ကွင်းပြင်ပမှာတော့ မီဒီယာတွေရဲ့ စောင့်ကြည့်မှုတွေကို ရင်ဆိုင်ဖြေရှင်းပေးရမှာပဲ ဖြစ်ပါတယ်။crd

Leave a Reply

Your email address will not be published.