ခရစ္စတယ်ပဲလေ့စ်ကိုဂိုးပြတ်နိုင်တဲ့ပွဲမှာ မြင်ခဲ့ရတဲ့ အားရစရာတိုးတက်မှုတွေနဲ့ လိုအပ်ချက်အချို့ကို ထောက်ပြသွားတဲ့တန်ဟန်

ရာသီကြို ခြေစမ်းပွဲရဲ့ တတိယမြောက် ပွဲစဥ်မှာ ခရစ္စတယ်် ပဲလေ့စ် အသင်းကို အနိုင် ကစားနိုင်ခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဖိအားပေး တိုက်စစ်ဆင် ကစားချိန်တွေမှာ timing ကိုက်အောင် ကစားတတ်ဖို့ ကြိုးစားရဦးမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။




ပြီးခဲ့တဲ့တစ်ပါတ်တာ အချိန်အတွင်းမှာ လီဗာပူးကို 4 – 0 ၊ မဲလ်ဘုန်း ဗစ်ထရီ အသင်းကို 4-1 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိအောင် ကစားနိုင်ခဲ့တဲ့ အဲရစ် တန်ဟတ်ရဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင််းကိုလည်း 3 – 1 နဲ့ နိုင်အောင် ကစားပြသွားနိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ် 3 ပွဲမှာတော့ ယူနိုက်တက်တို့ဟာ 11 ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မာရှယ်က 3 ဂိုး ၊ ရပ်ရှ်ဖို့က 2 ဂိုး နဲ့ ဆန်ချိုက 2 ဂိုး တို့ကို ကိုယ်စီသွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒါက ပရိသတ်တွေအတွက် အားတက်စရာ ဖြစ်ခဲ့ရပါတယ် ။အဆိုပါ ပွဲစဥ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ဆင် ဖိအားပေးကစားပုံတွေက တကယ့်ကို တိုးတက်ကောင်းမွန်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်် ။ ဒါပေမဲ့ အသင်းရဲ့ ကစားပုံမှာ လိုအပ်ချက် အချို့ ရှိနေသေးဆဲပါပဲ ။




အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က လိုအပ််ချက်တွေ ရှိနေတဲ့အနက် တိုက်စစ်ဆင် ကစားရာမှာ အခုထက် ပိုပြီး အချိန်ကိုက် လှုပ်ရှား ကစားနိုင်ဖို့ လိုအပ်နေသေးကြောင်း ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဥ်အပြီး သတင််းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။” အချိန်ကိုက် လှုပ်ရှားမှု အပိုင်းမှာ ဆက်လက် တိုးတက်လို့ ရနိုင်ပါသေးတယ် ။ ကျွန်တော်တို့ ဖိအားပေးတိုက်စစ်ဆင် ကစားပုံ စတင်လိုက်တဲ့ အခါတွေမှာ ရှောင်သင့်ရှောင််ထိုက်တဲ့ နေရာယူ လွဲမှားမှုအချို့ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ် ။ ကျွန်တော်တို့ ကောင်းကောင်း ဖိကစားနိုင်ဖို့ ပြင််ဆင်ရပါဦးမယ် ”




” ပြီးတော့ ဘောလုံးကိုင်ကစားတာရောပေါ့ ။ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ 2 – 0 ၊ 3 – 0 နဲ့ နိုင်နေတဲ့ အချိန်ဆိုတာက ယုံကြည်မှုတွေ မြင့်တက်နေရမယ့် အချိန်မျိုးပါ ။ ဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့တွေရဲ့ ဘောလုံးကိုင် ကစားပုံ ပိုပြီး တိုးတက်ခဲ့သင့်ပါတယ် ”” ကျွန်တော်တို့ delay ကစားလို့ ရနိုင်သလို အမြန်ရှင်းထုတ််တဲ့ ပုံစံမျိုးလည်း ကစားလို့ ရနိုင်ပါတယ် ။ ကျွန်တော်တို့ ပြိုင်ဖက်ကို တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကစားပြီး သူတို့ ကျွံလာတဲ့အခါတိုင်း အရှိန်မြှင့် ကစားလို့ ရပါတယ် ။ 2 – 0 ဖြစ်စေခဲ့တဲ့ ဂိုးကတော့ ခမ်းနားတဲ့ ဂိုးပါပဲ ”




” ကျွန်တော်တို့ တိုးတက်လာခဲ့တဲ့ အစိတ်အပိုင်း အချို့ကို ကြည့်ပြီး ပျော်ရွှင်မိပေမဲ့ ဆက်လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ် ။ ကျွန်တော်တို့ အံ့ဖွယ်ကောင်းတဲ့ ဂိုးအချို့ ကိုလည်း သွင်းယူနိုင်ခဲ့ပါသေးတယ် ။ ဒါအမှန်ပါပဲ ”” အသင်းဟာ ဘောလုံးတွေလည်း လုယူနိုင်ခဲ့တယ်လို့ ကျွန်တော် လက်ခံပါတယ် ။ ဒါက အသင်းကို တောင်းဆိုပြီးသား အရာတစ်ခုပါပဲ ။ ကျွန်တော်တို့ဟာ တစ်ချိန်လုံး ဖိကစားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့တွေ ဒါကို လုပ်နိုင်သရွေ့ ပွဲစဥ်ကို လွှမ်းမိုးနိုင်မှာပါပဲ ”




” အကယ်လို့ ကျွန်တော်တို့တွေ ဖိကစားနိုင်ခြင်း မရှိဘူးဆိုရင် low block နဲ့ ကစားရမှာ ပါပဲ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန်တော်တို့ တန်ပြန် ဖိကစားရမှာပါပဲ ။ ဒါကို အသင််းလိုက် အဖွဲ့လိုက် ပြန်လည် ဖိအားပေး ကစားနိုင်ဖို့ လိုအပ်လှပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.