မန်ယူအသင်းဟာ မနေ့ညကပဲ လီဗာပူးကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။မန်ယူအသင်းဟာ ပထမပိုင်းမှာ
အသင်းလူစုံတက်စုံထုတ်ပြီး တိုက်စစ်မှာ မာရှယ်၊ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ကိုတွဲပေးကာ လျင်မြန်တဲ့ တိုက်စစ်အဖြစ်ပုံဖော်ခဲ့ပါတယ်။
မန်ယူအသင်းရသွားတဲ့ဂိုးတွေမှာ မန်ယူအသင်းရဲ့ ပါးနပ်တဲ့ ဂိုးသွင်းချက်တွေ လျင်မြန်တဲ့ တိုက်စစ်ကို
ထိန်းရင်း အမှားလုပ်ခဲ့ကြတဲ့ လီဗာပူးနောက်တန်းတွေကြောင့် အခုလိုဂိုးပြတ်အနိုင်ရသွားတာပဲဖြစ်ပါတယ်။
ပထမပိုင်းမှာ မန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမားကတော့ မာရှယ်ဖြစ်ပြီး လီဗာပူးနောက်တန်းကို
တော်တော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်။တစ်ချိန်က ထိန်းမရသိမ်းမရကြမ်းခဲ့တဲ့ မာရှယ်ကို ပြန်မြင်ရတော့မယ့်အရိပ်အရောင်တွေပါ့ပဲ။
ရက်ဖို့ဒ်ကတော့ ခုထက်ထိခြေစွမ်းပြဖို့ ရုန်းကန်နေရပါသေးတယ်။အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ စီနီယာကစားသမားတွေကိုထုတ်ပြီး လူငယ်ကစားသမားတွေထည့်သွင်းခဲ့ပေမယ့်
စီနီယာကစားသမားတွေပါ၀င်လာတဲ့ လီဗာပူးတိုက်စစ်ကို မန်ယူနောက်တန်းက ကြံကြံခံတားစီးခဲ့ပြီး
ဘိုင်လီရဲ့ ခြေစွမ်းပြမှုကြောင့် နောက်ထက်တစ်ဂိုးပါရခဲ့ပါသေးတယ်။ဒုတိယပိုင်းရဲ့
အကောင်းဆုံးကစားသမားကဘိုင်လီဖြစ်ပြီး လီဗာပူးနောက်တန်းကို အကောင်းဆုံးထိန်းချုပ်ပြခဲ့ပြီး နောက်ထပ်ဦးဆောင်ဂိုးရဖို့လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
လူငယ်ကစားသမားတွေကလည်းခြေစွမ်းပြခဲ့ကြပြီး တန်ဟန်ရဲ့ သံမဏိစည်းကမ်းတွေက အသုံး၀င်ခဲ့ပြီး မန်ယူကစားသမားတွေရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်။