မန်ယူအသင်းဟာ မနေ့ညကပဲ လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ယူကာ ဘန်ကောက်ဖလားက်ုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘန်ကောက်ကနေ သြစတေးတီးယားကို ထွက်ခွာလာခဲ့ပြီး မဲဘောင်မြို့ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
မဲဘောင်မြို့မှာ ဩစတေးတီးယားအသင်း မဲဘုန်းကလက်နဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး
မန်ယူကစားသမားဟောင်းလူး၀စ်နာနီဟာလည်း မဲဘုန်းအသင်းမှာရှိနေတာကြောင့် ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်ရတော့မှာပါ။
နည်းပြသစ်တန်အနေနဲ့ မန်ယူအသင်းနဲ့အဖွင့်ပွဲမှာတော့ လီဗာပူးကို ဂိုးပြတ်အနိုင်ယူရင်း ဖလားတစ်လုံးကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။
လီဗာပူးနဲ့ပွဲမှာ ပထမပိုင်းကို လူကုန်ထုတ်ကာ အကောင်းဆုံးရင်ဆိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့
လူငယ်တွေကို အခွင့်အရေးပေးပြီး ပွဲထုတ်ခဲ့ပါတယ်။ဒါပေမယ့်အသင်းရဲ့ ကစားပုံက ကျစ်ကျစ်လစ်လစ်ရှ်ခဲ့ပြီး
လီဗာပူးစီနီယာကစားသမားတွေဦးဆောင်တဲ့ တိုက်စစ်ကို အကောင်းဆုံးထိန်းထားနိုင်ခဲ့ပါတယ်။
မဲဘုန်းစီးတီးနဲ့ပွဲမှာလည်း နည်းပြသစ်တန်ဟန်အနေနဲ့ ဘယ်လိုကစားကွက်တွေထုတ်ဦးမလဲဆိုတာ စိတ်၀င်စားစရာပါ့ပဲ။
မဲဘုန်းစီးတီးအသင်းနဲ့ မန်ယူအသင်းဟာ သောကြာနေ့ မြန်မာစံတော်ချိန် ၄နာရီ၃၅မိနစ်မှာ ကစားကြမှာဖြစ်ပါတယ်။
HH