မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး မကြာခင်မှာ မန်ယူအသင်းကို ရောက်ရှိလာတော့မယ့် မာတီနက်

နောက်ဆုံးမှာတော့ အဲရစ် တန်ဟက်ဂ် နဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် အချိန်ကောင်း တစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လှပတဲ့ အိပ်မက်တွေ အတွက် အိပ်စက်ခဲ့ရတဲ့ အချိန်တွေ အပြီးမှာ မနေ့ညက ဘန်ကောက်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ

ဒုတိယ ရခဲ့တဲ့ လီဗာပူးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို၊ ဒီနေ့လည်း မာတီနက်ဇ် အတွက် မန်ချက်စတာ ယူနိုက်တက် က ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်း နဲ့ ကမ်းလှမ်းတာကို

အိုင်းယက်စ်က လက်ခံပြီးတဲ့ နောက် အာဂျင်တိုင်း ခံစစ်မှူး အတွက် မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ လမ်းပွင့်သွားပြီလို့ ဗြိတိန် အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြသွားပါတယ်။

ယနေ့ ညနေမှာပဲ breaking news ဆိုပြီး ဖော်ပြနေကြတာ ဖြစ်ပါတယ်၊ Lisandro Martinez အတွက် အပြီးသတ် ဆွေးနွေးဖို့ နှစ်ဘက် တာဝန်ရှိသူတွေဟာ

ဒီကနေ့ တွေ့ဆုံကြမှာ ဖြစ်ကြောင်း သိရပါတယ်။ မာတီနက်ဇ်ကို ခေါ်ယူရေးမှာ အဲရစ် တန်ဟက်ဂ်ရဲ့မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် နဲ့

အပြိုင် ဖြစ်ခဲ့ပြီး ယခုတော့ အာဆင်နယ်က မာတီနက်ဇ်ကို ခေါ်ယူရေး အတွက် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က

မာတီနက်ဇ်ထက် ယူကရိန်း ကလပ် ရှက်တာဒွန်းညက်က ခံစစ်မှူး မတ်ဗီယန်ကို ကိုခေါ်ယူဖို့ မြှားဦးလှည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ သီတင်းပတ်တွေမှာ ဟော်လန် ကလပ် အိုင်းယက်စ်က မာတီနက်ဇ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး ကြိုးစားခဲ့သလို၊

ပရီးမီးယားလိဂ် ကလပ် အသင်း နှစ်သင်းရဲ့ ကမ်းလှမ်းမှု တွေကိုလည်း တင်းခံ နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်က မာတီနက်ဇ် အတွက် နှစ်ကြိမ် ကမ်းလှမ်းတာကိုလည်း ပယ်ချခဲ့ပါတယ်၊ အာဆင်နယ် နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းတုန်းက ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းလောက် ရှိပေမယ့် အိုင်းယက်စ်က ပယ်ချခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇူလိုင်လ ၈ ရက်နေ့မှာ ပေါင် ၄၃ သန်း နဲ့ မာတီနက်ဇ်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး အာဆင်နယ်က

အဲဒီ အချိန်ကတည်းက မန်ချက်စတာ ယူနိုက်တက် နဲ့ ဈေးပြိုင် မပေးနိုင်လို့ မာတီနက်ဇ်ကို ခေါ်ယူရေး လက်လျှော့ သွားခဲ့တာ ဖြစ်ပါတယ်၊

ဒါပေမယ့် အိုင်းယက်စ်က အဲဒီပေါင် ၄၃ သန်း နဲ့ ကမ်းလှမ်းမှုကိုတောင် လက်မခံပဲ တင်းခံနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက် က သူ့ရဲ့ကမ်းလှမ်းမှုကို ပေါင် ၄၅ သန်းထိ တိုးမြှင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ကမ်းလှမ်းတာ ကိုတော့ အိုင်းယက်စ်က လက်ခံလိုက်ပြီလို့ မီဒီယာတွေက ဗုဒ္ဓဟူးနေ့ နေ့လည်မှာပဲ သတင်းတွေ စတင် ဖော်ပြလာခဲ့ပါတယ်။

အလက်ဂျန်ဒရို မာတီနက်ဇ်ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ ရင်းနှီးသူ ဖြစ် သလို ဆရာ တပည့်လည်း ဖြစ်တာကြောင့် သူ့ကို ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိရေးက မခက်ခဲနိုင်ပါဘူး။

မာတီနက်ဇ်ဟာ ဘောလုံးကိုင် ကောင်းသူ ဖြစ်ပြီး ဗဟိုခံစစ် နေရာမှာရော ကွင်းလယ်ခံစစ် နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ

အာဂျင်တီးနား ကလပ် နယူးဝဲလ် အိုးဘွိုင်းလ် မှာ ဘောလုံးသမားဘဝ စခဲ့သူ ဖြစ်ပြီး အာဂျင်တီးနား ကလပ် ဒီဖန်ဆာ မှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

အဲဒီကမှ ဥရောပ ကလပ် အသင်းတွေက စိတ်ဝင်စားလာပြီး ၂၀၁၉ မှာ အိုင်းယက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အိုင်းယက်စ်ကို ရောက်ပြီးတဲ့ နောက်မှာတော့ သူဟာ ဒတ်ချ် အမှတ်ပေး ချန်ပီယံ နှစ်ကြိမ်နဲ့ ဒတ်ချ် ရှုံးထွက် ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ အခုတော့ ဒီလစ် နေရာမှာ အစားထိုးဖို့

ပေါင် ၆ သန်း နဲ့ခေါ် ထားတဲ့ မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ကနေ အိုင်းယက်စ်က အမြတ်တွေ အများကြီး ရတော့မယ်လို့  သတင်းတွေ ကြီးနေပြန် ပါပြီ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ဘန်ကောက် ရာဇမင်္ဂလာ ကွင်းမှာ ကစားတဲ့ လီဗာပူး နဲ့ ပွဲမှာ ၄ ဂိုးပြတ် နိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကိုတော့ ဆန်ချို၊ ဖရက်ဒ်၊ မာစီရယ်နဲ့ ပယ်လီစထရီ တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူးကို အနိုင်ယူပြီး၊ ညတွင်းချင်းပဲ ဩစတေးလျကို ခြေစမ်းခရီး ဆက်ထွက်သွားပါပြီ။

အဲရစ် တန်ဟက်ဂ်က မာတီနက်ဇ်ကို ရရင်တော့ ခံစစ်ပိုင်း အများကြီး တောင့်တင်းသွားမယ်လို့ သတင်းတွေက  သုံးသပ် ဖော်ပြသွားခဲ့ကြပါတယ်။crd

Leave a Reply

Your email address will not be published.